Phones

iOS, Android နဲ႔ Windows ဖုန္းတုိ႔ ဓာတ္ပံုမ်ား ရွဲမယ္...

ကိုယ္က Apple iPhone သံုးတယ္.. သူငယ္ခ်င္းမ်ားက Android ဖုန္း သံုးေတာ့ ပံုကို ရွဲမရ၊ ျပဳမရျဖစ္တဲ့ ဒုကၡမ်ိဳး ခံစားဖူးသူမ်ား သိပါလိမ့္မယ္။ အလားတူပါပဲ Android သံုးသူမ်ားကလည္း iPhone သူငယ္ခ်င္းစီကို ပံု share ဖို႔မလြယ္ပါဘူး။ ကမၻာေက်ာ္ File sharing platform လုပ္တဲ့ Bit torrent ကေနျပီးေတာ့ iPhone, Android ဖုန္းနဲ႔ Windows ဖုန္းေတြၾကား ပံုမ်ား အလြယ္တကူ မွ်ေဝလုိ႔ရေစမယ့္ App တစ္မ်ိဳးကို မိတ္ဆက္ေပးလိုက္ပါတယ္။ ယင္းကေတာ့ Shoot လို႔ အမည္ရပါတယ္။

ေအာက္ပါ Link တြင္ download ဆြဲပါ။
https://www.getsync.com/shoot

သုိ႔တည္းမဟုတ္ App Store အသီးသီးေတြမွာလည္း Shoot လုိ႔ရိုက္ျပီး ရွာႏိုင္ပါတယ္။

သူက အင္တာနက္ မလိုပါဘူး။ Peer to peer လုိ႔ေခၚတဲ့ ဖုန္းအခ်င္းခ်င္း Wi-Fi/ Bluetooth မ်ားျဖင့္ တစ္ဆင့္ပုိ႔ေပးတဲ့ စနစ္ ျဖစ္တာေၾကာင့္ ျမန္လည္း ျမန္ပါတယ္။ သံုးပံုသံုးနည္းကေတာ့ လြယ္ကူပါတယ္။ App ကို install လုပ္ျပီးရင္ ပံု ပုိ႔ေပးခ်င္သူ ပံုေတြကို ေရြးပါ။ ေရြးျပီးေတာ့ ပုိ႔မယ္လို႔ ႏွိပ္လိုက္ရင္ QR Code ၾကီးေပၚလာပါမယ္။

လက္ခဲ့မယ့္သူက ပုိ႔မယ့္သူရဲ႕ ဖုန္းမွာ ေပၚတဲ ့QR Code ကို ကင္မရာနဲ႔ scan ဖတ္လိုက္ပါ။ ကင္မရာကိုလည္း Shoot App ထဲကေန Sender (ေပးပုိ႔သူ) ဆုိတာကို ႏွိပ္လုိ႔ ဖြင့္ရမွာ ျဖစ္ပါတယ္။ အရမ္းလြယ္ပါတယ္။ QR Code ဖတ္ျပီးရင္ ပံုမ်ား ပုိ႔ျခင္း ရပါျပီ။ iOS သံုး အိုင္ဖုန္း၊ အုိင္ပတ္ မ်ားနဲ႔ Android သံုး ဖုန္း၊ Tabletမ်ား၊ Windows ဖုန္း၊ Tablet မ်ားအတြက္ သံုးႏိုင္မွာ ျဖစ္ပါတယ္။

ေအာ္ ဒါနဲ႔.. သူက အခမဲ့ အသံုးျပဳႏုိင္ခြင့္ကို အၾကိမ္အေရအတြက္ သတ္မွတ္ ထားပါတယ္။ အဲ့ထက္ေက်ာ္ရင္ ၂ ေဒၚလာလား မသိဘူး ေပးရတာမ်ိဳး ရွိပါတယ္။ ေလာေလာဆယ္ကေတာ့ အခမဲ့ သံုးႏိုင္ပါတယ္။

https://www.getsync.com/shoot

ေအာင္ခမ္း (MMAS)
#aungkham_mmas

http://www.myanmarmobileapp.com/?p=59715

(Unicode version)

iOS, Android နဲ့ Windows ဖုန်းတို့ ဓာတ်ပုံများ ရှဲမယ်...

ကိုယ်က Apple iPhone သုံးတယ်.. သူငယ်ချင်းများက Android ဖုန်း သုံးတော့ ပုံကို ရှဲမရ၊ ပြုမရဖြစ်တဲ့ ဒုက္ခမျိုး ခံစားဖူးသူများ သိပါလိမ့်မယ်။ အလားတူပါပဲ Android သုံးသူများကလည်း iPhone သူငယ်ချင်းစီကို ပုံ share ဖို့မလွယ်ပါဘူး။ ကမ္ဘာကျော် File sharing platform လုပ်တဲ့ Bit torrent ကနေပြီးတော့ iPhone, Android ဖုန်းနဲ့ Windows ဖုန်းတွေကြား ပုံများ အလွယ်တကူ မျှဝေလို့ရစေမယ့် App တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ယင်းကတော့ Shoot လို့ အမည်ရပါတယ်။

အောက်ပါ Link တွင် download ဆွဲပါ။
https://www.getsync.com/shoot

သို့တည်းမဟုတ် App Store အသီးသီးတွေမှာလည်း Shoot လို့ရိုက်ပြီး ရှာနိုင်ပါတယ်။

သူက အင်တာနက် မလိုပါဘူး။ Peer to peer လို့ခေါ်တဲ့ ဖုန်းအချင်းချင်း Wi-Fi/ Bluetooth များဖြင့် တစ်ဆင့်ပို့ပေးတဲ့ စနစ် ဖြစ်တာကြောင့် မြန်လည်း မြန်ပါတယ်။ သုံးပုံသုံးနည်းကတော့ လွယ်ကူပါတယ်။ App ကို install လုပ်ပြီးရင် ပုံ ပို့ပေးချင်သူ ပုံတွေကို ရွေးပါ။ ရွေးပြီးတော့ ပို့မယ်လို့ နှိပ်လိုက်ရင် QR Code ကြီးပေါ်လာပါမယ်။

လက်ခဲ့မယ့်သူက ပို့မယ့်သူရဲ့ ဖုန်းမှာ ပေါ်တဲ့QR Code ကို ကင်မရာနဲ့ scan ဖတ်လိုက်ပါ။ ကင်မရာကိုလည်း Shoot App ထဲကနေ Sender (ပေးပို့သူ) ဆိုတာကို နှိပ်လို့ ဖွင့်ရမှာ ဖြစ်ပါတယ်။ အရမ်းလွယ်ပါတယ်။ QR Code ဖတ်ပြီးရင် ပုံများ ပို့ခြင်း ရပါပြီ။ iOS သုံး အိုင်ဖုန်း၊ အိုင်ပတ် များနဲ့ Android သုံး ဖုန်း၊ Tabletများ၊ Windows ဖုန်း၊ Tablet များအတွက် သုံးနိုင်မှာ ဖြစ်ပါတယ်။

အော် ဒါနဲ့.. သူက အခမဲ့ အသုံးပြုနိုင်ခွင့်ကို အကြိမ်အရေအတွက် သတ်မှတ် ထားပါတယ်။ အဲ့ထက်ကျော်ရင် ၂ ဒေါ်လာလား မသိဘူး ပေးရတာမျိုး ရှိပါတယ်။ လောလောဆယ်ကတော့ အခမဲ့ သုံးနိုင်ပါတယ်။

https://www.getsync.com/shoot

အောင်ခမ်း (MMAS)


Comments

Popular posts from this blog

အရေးကြီးသော မူဝါဒ ပြောင်းလဲမှုများ- Google Account သိုလှောင်ခန်း