ကျောင်းလခပေးစရာမလိုတဲ့.................................

ကျောင်းလခပေးစရာမလိုတဲ့ ဂျာမနီမှာ ကျောင်းသွားတက်မလား
Posted by: Video-editer on June 21, 2015 at 20:29 PM 0 Comments
ကမ္ဘာပေါ်က အကောင်းဆုံးပညာရေးစနစ်တွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ ဂျာမန်တက္ကသိုလ်တွေမှာ အစိုးရက ပြည်သူတွေအတွက် အခမဲ့တက္ကသိုလ်ပညာရေးပေးထားတဲ့အတွက် ၉ဝ ရာခိုင်နှုန်းကျောင်းတွေမှာ ကျောင်းသားတွေအနေနဲ့ ကျောင်းလခပေးဖို့ မလိုပါဘူး။ အရည်အချင်းပြည့်မီတဲ့ နိုင်ငံခြားကျောင်းသားတွေလည်း အခမဲ့အဆင့်မြင့်ပညာရေးရနိုင်တဲ့ ဂျာမနီမှာပညာသင်ကြားနိုင်ဖို့ ဘာတွေလိုအပ်လဲ။
ကျောင်းသားတစ်ယောက် နေထိုင်မှုစရိတ်သာ ကုန်ကျမှာမို့ ကိုယ်ကြိုက်နှစ်သက်ရာဘာသာရပ်နဲ့ နိုင်ငံတကာအသိအမှတ်ပြုပညာရေးကို ငွေကြေးသက်သာစွာနဲ့ရရှိနိုင်မယ်လို့ Goethe Institut ကဒေါက်တာသိန်းဝင်းက ရှင်းပြပါတယ်။
ကျောင်းသားတစ်ယောက်အတွက် တစ်နှစ်စာကုန်ကျစရိတ်မှာ နေထိုင်စားသောက်စရိတ်နဲ့ ကျန်းမာရေးအာမခံအပါအဝင် မြန်မာငွေကျပ် သိန်း ၁ဝဝ သာကျသင့်မှာဖြစ်ပြီး ပညာသင်ရင်း အလုပ်လုပ်ချင်သူတွေအတွက်တော့ အချိန်ပိုင်းအလုပ်လုပ်ရင်း တစ်လကို ယူရို ၄၅ဝ ဝင်ငွေရှိတယ်လို့ ဆိုပါတယ်။
ဂျာမနီမှာပညာသင်ကြားဖို့အတွက် ဂျာမန်ဘာသာစကားကျွမ်းကျင်မှုအနည်းဆုံး B1 အောင်လက်မှတ်ပြသနိုင်ရမှာဖြစ်သလို အင်္ဂလိပ်ဘာသာနဲ့သင်ကြားမယ့် ဘာသာရပ်တွေအတွက် TOEFL ဒါမှမဟုတ် IELTS အမှတ်တွေလည်း ပြနိုင်ရမှာဖြစ်ပြီး ဂျာမန်စကားဟာ နိုင်ငံတကာအပြင် ဥရောပနိုင်ငံတွေမှာ အသုံးများလို့ ပြန်လည်အသုံးချလို့ရတယ်လို့ ဆိုပါတယ်။ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူတွေအတွက်တော့ မာစတာနဲ့ Ph.D တွေအတွက်သာ ထောက်ပံ့ကြေးပေးတာများတယ်လို့ဆိုပါတယ်။
ဂျာမနီနိုင်ငံမှာ သွားရောက်ပညာသင်ကြားဖို့စိတ်ဝင်စားသူ ဧည့်လမ်းညွှန်ကိုရဲပီတိသွင်ကတော့ မြန်မာနိုင်ငံမှာဆယ်တန်းအောင်မြင်ပြီး ဂျာမန်တက္ကသိုလ်တွေမှာ ဝင်ခွင့်သင်တန်းပြီးတာနဲ့ ပထမနှစ်တက်ရောက်နိုင်မှာမို့ မြန်မာကျောင်းသားတွေအတွက် အခွင့်အရေးရှိတယ်လို့ဆိုပါတယ်။ ဂျာမန်စကားလည်းအဓိကလိုအပ်လို့ နိုင်ငံခြားဘာသာတက္ကသိုလ်က ဂျာမန်နဲ့ပြီးတာမဟုတ်ရင် Goethe Institut မှာ ဂျာမန်စကားလေ့လာသင်ကြားသင့်တယ်လို့ ပြောပါတယ်
http://kamayutmedia.com/lifestyle/education/4477


Comments

Popular posts from this blog

အရေးကြီးသော မူဝါဒ ပြောင်းလဲမှုများ- Google Account သိုလှောင်ခန်း